Main menu

တောင်ငူမြို့တွင် လိမ္မော်သီးနှင့် သခွားမွှေးသီးဈေးနှုန်းကျ

Powered by Drupal

      တောင်ငူမြို့၊ ဘုရင့်နောင်ဈေး၊ ညောင်ပင်ဈေးများအနီးရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီးများမှာ အရွယ်အစားပေါ်မူတည်၍ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိရှိသဖြင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလထက် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့သည်။ လိမ္မော်သီးပေါ်ခါစကာလဖြစ်သော ယခင်လက တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၇၀၀၀ကျပ်ထိရှိခဲ့ပါသည်။

     ပျားလိမ္မော်မှာလည်း ယခင်လတွင် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိရှိခဲ့ရာမှ ယခုအောက်တိုဘာလတွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ထိ ဈေးနှုန်းကျဆင်းလာပါသည်။ သခွားမွှေးမှာ ယခင်လတွင် တစ်လုံးလျှင် ၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုလတွင် တစ်လုံးလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ ဈေးနှုန်းကျဆင်းလာပါသည်။

     ပန်းသီးများမှာ အရွယ်အစားအလိုက် တစ်လုံးလျှင် ၁၀၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ၊ စပျစ်သီးမှာ အစေ့ပါတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ အစေ့လွတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ထောပတ်သီးမှာ တစ်လုံးလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်ထိ၊ နာနတ်သီး(ဗမာသီး)မှာ တစ်လုံးလျှင် ၂၀၀၀ကျပ်၊ ယိုးဒယားသီးတစ်လုံးလျှင် ၄၀၀၀ကျပ်၊ ပန်းသစ်တော်သီးတစ်လုံးလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိဖြစ်၍ ယခင်လနှင့် ဈေးနှုန်းကွာခြားချက်မရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)