Main menu

တောင်ငူမြို့တွင် အသားငါးဈေးနှုန်း အတက်အကျရှိ

Powered by Drupal

    တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ အသားငါးဆိုင်များတွင် ကြက်သား (အိမ်မွေးကြက်)မှာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ အစောပိုင်းတွင် အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ အခြမ်းလိုက်ဈေးတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ အခြမ်းလိုက်ဈေးတစ်ပိဿာလျှင် ၂၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်နေပြီး စီပီကြက်မှာ တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၈၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၁၀၀၀၀ကျပ်၊ ရင်အုပ်သား ၁၁၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   ဝက်သား(ရေလွတ်သား) သုံးထပ်သားတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပေါင်သားမှာ ယခုလအစောပိုင်းတွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ အသားသီးသန့်မှာ ယခုလအစောပိုင်းတွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာပါသည်။

   ငါးကြင်းမှာ ယခုလအစောပိုင်းတွင် အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အခြမ်းလိုက်ဈေးတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၈၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၁၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းနေပြီး ငါးကြင်းဖြူမှာ အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ အမြီးလွတ်၊ ခေါင်းလွတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ငါးရံ့မှာ တစ်ပိဿာလျှင် အသေး ၁၂၀၀၀ကျပ်၊ အလတ် ၁၄၀၀၀ကျပ်နှင့် အကြီး ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ငါးခူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် အသေး ၁၃၀၀၀ကျပ်၊ အလတ် ၁၅၀၀၀ကျပ်နှင့် အကြီး ၁၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၁၂၀၀၀ကျပ်၊ အလတ် ၁၄၀၀၀ကျပ်နှင့် အကြီး ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာပါသည်။

    ပုစွန်ဆိတ်တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ပုစွန်ကျော့မှာ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ပုစွန်အသေးမှာ တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ပုစွန်အလတ်မှာ တစ်ပိဿာလျှင် ၂၆၀၀၀ကျပ်နှင့် ပုစွန်အကြီးမှာ တစ်ပိဿာလျှင် ၂၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)