Main menu

တောင်ငူမြို့ရှိ ကြက်ဥ၊ ဘဲဥဈေးနှုန်းအခြေအနေ

Powered by Drupal

   တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ  ကြက်ဥ၊ ဘဲဥအရောင်းဆိုင်များတွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် ကြက်ဥတစ်လုံးလျှင် အသေး ၂၅၀ကျပ်၊ အလတ် ၂၆၀ကျပ်နှင့် အကြီး ၂၈၀ကျပ်တို့ရှိခဲ့ပြီး ယခုအပတ်တွင်  ကြက်ဥတစ်လုံးလျှင် အသေး ၂၄၅ကျပ်၊ အလတ် ၂၅၅ကျပ်နှင့် အကြီး ၂၇၀ကျပ်တို့ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့သည်။

   ဘဲဥမှာ ယခင်အပတ်တွင် တစ်လုံးလျှင် အသေး ၃၀၀ကျပ်၊ အလတ် ၃၄၀ကျပ်နှင့် အကြီး ၃၈၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်လုံးလျှင် အသေး ၂၈၀ကျပ်၊ အလတ် ၃၀၀ကျပ်နှင့် အကြီး ၃၂၀ကျပ်တို့ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့သည်။

   ကြက်ဥ၊ ဘဲဥမှာ ချက်ပြုတ်ရန်လွယ်ကူသဖြင့် အခြေခံလူတန်းစားများနှင့် အလုပ်များသော ရုံးဝန်ထမ်းများကဝယ်ယူကြသောကြောင့် အရောင်းအဝယ်ကောင်းကြောင်း တောင်ငူမြို့၊ ငါးသုံးလုံး ကြက်ဥ၊ ဘဲဥအရောင်းဆိုင်မှသိရပါသည်။

DOCA(ပဲခူး)