Main menu

ဖြူးမြို့တွင် ကြက်သားဈေးနှုန်းအနည်းငယ်တက်ပြီး ပုစွန်ဈေးကျ

Powered by Drupal

     တောင်ငူခရိုင်၊ ဖြူးမြို့၊ မြို့မဈေးရှိဆန်ဆိုင်တို့၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ တတိယအပတ်တွင် ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် ၅၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ယခင်အပတ်တွင် ဖျာပုံပေါ်ဆန်းတစ်ပြည်လျှင် ၄၆၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပြည်လျှင် ၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်လာသည်။ ဇီယာ (ရှယ်)တစ်ပြည်လျှင် ၃၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဆင်းသုခမှာ ယခင်အပတ်တွင် တစ်ပြည်လျှင် ၃၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပြည်လျှင် ၃၃၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာသည်။       

       မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ရှိပြီး စားအုန်းဆီတစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့် ရောင်းချကြသည်။

     ကြက်ဥတစ်လုံးလျှင် (၂၄၀-၂၈၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၀၀-၃၅၀) ကျပ်၊ ငါကြင်းတစ်ပိဿာလျှင် (၈၀၀၀-၁၀၀၀၀) ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     အသားငါးဈေးနှုန်းမှာ ယခင်အပတ်တွင် ကြက်သားတစ်ပိဿာလျှင် (၇၀၀၀-၁၀၀၀၀) ကျပ်ရှိခဲ့ပြီး ယခုအပတ်တွင် တစ်ပိဿာလျှင် (၁၀၀၀၀-၁၂၀၀၀) ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်လာပါသည်။ ဝက်သားတစ်ပိဿာလျှင် (၁၃၀၀၀-၁၅၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၁၅၀၀၀-၂၀၀၀၀) ကျပ်၊ အမဲသားမှာ ယခင်အပတ်အတိုင်း တစ်ပိဿာလျှင် (၁၂၀၀၀- ၁၅၀၀၀) ကျပ်ထိဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)