Main menu

ဖြူးမြို့မဈေးအတွင်း၌ ဟင်းသီးဟင်းရွက်ဈေးအတက်အကျရှိနေ

Powered by Drupal

  ဖြူးမြို့၊ စည်ပင်သာယာဈေးအတွင်း ဟင်းသီးဟင်ရွက်ဆိုင်များ၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ တတိယအပတ်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၀၀၀-၄၀၀၀) ကျပ်အထိ၊ မုန်ညှင်းထုပ်တစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ ဂေါ်ဖီတစ်ပိဿာလျှင် ၁၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      မုံလာဥနီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ယခုအပတ်တွင် ၄၀၀၀ကျပ်၊ ယခင်အပတ်တွင် ဘူးသီးတစ်လုံးလျှင် ၂၀၀၀ကျပ်မှ ယခုအပတ်တွင် ၃၀၀၀ကျပ်၊ ငရုတ်သီးစိမ်း (ကုလားအော်သီး)မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၆၀၀၀ကျပ်မှ ယခုအပတ်တွင် ၈၀၀၀ကျပ်အထိ၊ ငရုပ်သီးစိမ်း(မိုးမျှော်သီး)မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ယခုအပတ်တွင် ၅၀၀၀ကျပ်ဖြစ်၍ ဈေးတက်နေပါသည်။

      သခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၁၀၀၀ကျပ်၊ ပန်းဂေါ်ဖီမှာ ယခင်အပတ်တွင် တစ်ပွင့်လျှင် ၂၀၀၀ကျပ်ရှိခဲံရာမှ ယခုအပတ်တွင် ၁၀၀၀ကျပ်၊ ဂေါ်ရခါးသီးမှာ ယခင်အပတ်တွင် တစ်လုံးလျှင် ၂၅၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် သုံးလုံးလျှင် ၅၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပြီး မျှစ်မှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)