Main menu

ဘားအံမြို့တွင် အရောင်းအဝယ်ဖြစ်နေသော ကန်စွန်းဥဈေးကွက်

Powered by Drupal

   ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ရေပေါ်ဈေးသို့ ကန်စွန်းဥများ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလမှစတင်ဝင် ရောက်လာကြောင်း သိရပါသည်။ ကန်စွန်းဥများသည် တစ်ပတ်လျှင် ရက်ခြား ပိဿာချိန် ၁၀၀ ခန့် ဝင်ရောက်မှုများရှိနေပြီး ဘားအံမြို့ပေါ်ရှိ စျေးများတွင် တစ်ပိဿာလျှင် ကျပ် ၂၅၀၀-၃၀၀၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

     လူအများစုသည် ကန်စွန်းဥကို ပြုတ်စားခြင်း၊ မီးဖုတ်စားခြင်း၊  ယိုထိုးစားခြင်း၊ ကြော်စားခြင်း၊ သာကူဖြင့် တွဲ၍ကြိုသောက်ခြင်း၊ မုန့်အမျိုးမျိုးစသည့်ဖြင့် ပြုလုပ်၍လည်း စားသုံးကြသည်။ ကန်စွန်းဥတွင် ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီနှင့် အီးတို့ မြင့်မားစွာပါဝင်ပြီး ကျန်းမာရေးအတွက်များစွာ အထောက်အကူ ဖြစ်စေသော သီးနှံတစ်မျိုးပဲဖြစ်သည်။ ကန်စွန်းဥတွင် အမျှင်ဓာတ်များစွာပါဝင်သည့်အတွက် စားသုံး ပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းမှကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန်လျော့ချပေးခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါများလျှော့ချပေးခြင်းနှင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး စားသုံးပေးသင့်သော သီးနှံတစ်မျိုးကြောင်း သိရှိရပါသည်။

DOCA(ကရင်)