Main menu

မင်းဘူးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဒေသခံပြည်သူများ အစားအသောက်များ ဘေးကင်းလုံခြုံစွာ သုံးစွဲနိုင်စေရေးအတွက် ၂၀၂၁ခုနှစ် ဒီဇင်ဘာ(၂၁)ရက် နံနက် (၁၀:၃၀)ချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ မင်းဘူးမြို့မဈေးကြီးအတွင်း ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော စားသောက်ကုန်များ ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆွေးနွေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာ၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုထွန်း၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်နှင့်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း (၅)ဦးတို့မှ မုန့်လုပ်ငန်းရှင်(၁၀)ဦးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြကြရန်နှင့် ကုန်အညွှန်း အမှတ်အသားမပြည့်စုံသောကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည့် ဥပဒေအကြောင်းအရာများအား အသိပညာပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး လုပ်ငန်းရှင်များမှ လိုအပ်သော ကုန်အညွှန်းအမှတ်အသားများကို အမြန်ဆုံး ပြည့်စုံစွာပါရှိလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးကို (၁၂:၀၀)အချိန်တွင် ရုတ်သိမ်းခဲ့ ပါသည်။
စားသုံးသူရေးရာဦးစီးဌာန မင်းဘူးခရိုင်အနေဖြင့် မိမိခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်းနှင့် ဘေးကင်း လုံခြုံစိတ်ချရသော အစားအသောက်များ ဈေးကွက်အတွင်း ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)