Main menu

အွန်လိုင်းစနစ်ဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးသည်(၂၁.၁၂.၂၀၂၁)ရက်နေ့ (၁၀:၃၀) အချိန်၌ တောင်တွင်းကြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေးရေး အစီအစဉ်နှင့် ပြန်ကြားဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များအရ မိဘ/ပြည်သူ များအား စားသောက်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ဝယ်ယူ/သုံးစွဲရာတွင် ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ အွန်လိုင်းစနစ်ဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talkshow)အား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ(Talk show)ဆွေးနွေးပွဲတွင် တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးက မြို့နယ်အတွင်းရှိ စားသုံးသူမိဘ/ပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရရှိစေရန် အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၌ စီးပွားရေးလုပ်ငန်းရှင်မှ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများအား အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇) ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု အပေါ်တာဝန်ရှိမှုများ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် အခန်း(၂၀) စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း အခန်း(၂၄) ပြစ်မှုနှင့် ပြစ်ဒဏ်များအား အခန်းကဏ္ဍများ အလိုက် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။
တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးအနေဖြင့်စားသုံးသူ မိဘ/ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် သတင်းမီဒီယာများနှင့် ချိတ်ဆက်၍ အွန်လိုင်းမှတစ်ဆင့် သတင်းအချက် အလက်များအား စဉ်ဆက်မပြတ် ဖြန့်ဝေခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မကွေး)