Main menu

မွန်ပြည်နယ်၏ ဆန် စီးဝင်/ စီးထွက်မှုအခြေအနေ

Powered by Drupal

    မွန်ပြည်နယ်အတွင်းသို့  ဆန်အိတ် အဝင်နှင့်အထွက် ( စီးဝင်/ စီးထွက်)လျက်ရှိရာ အခြားတိုင်းဒေသကြီးများမှ  မွန်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ ၂၀၂၃ခုနှစ် အောက်တို ဘာလ(ပထမအပတ်)တွင် ပဲခူး မှ (၂၇၄၀)အိတ်၊ ရန်ကုန်မှ (၁၇၃၀)အိတ်၊ စစ်ကိုင်းမှ (၁၆၀၀)အိတ်၊ မန္တလေး မှ (၁၂၃၀)အိတ် စုစုပေါင်း ဆန်အိတ် (၇၃၀၀)အိတ် တန်အားဖြင့် ၃၆၅ တန် စီးဝင်ခဲ့ကြောင်း၊ အောက်တိုဘာလ(ဒုတိယအပတ်) တွင် ပဲခူး မှ (၂၈၁၀)အိတ်၊ ရန်ကုန်မှ (၁၉၃၀)အိတ်၊ စစ်ကိုင်းမှ(၁၄၅၀)အိတ်၊ မန္တလေးမှ (၁၂၀၀)အိတ် စုစုပေါင်း ဆန်အိတ် (၇၃၉၀)အိတ် တန်အားဖြင့် ၃၆၉.၅ တန် စီးဝင်ခဲ့ကြောင်း သိရသည်။

 ထို့ပြင် မွန်ပြည်နယ်မှ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆန်စီးထွက်ရာတွင် ၂၀၂၃ခုနှစ် အောက်တိုဘာလ(ပထမအပတ်)တွင် သထုံမှ ဘားအံသို့(၁၆၁၀)အိတ်၊ မုဒုံမှ ကြာအင်းဆိပ်ကြီးမြို့သို့ (၁၆၈၅)အိတ် စုစုပေါင်း ၃၂၉၅အိတ်၊ တန်အား ဖြင့်၁၆၄.၇၅တန် စီးထွက်ခဲ့ကြောင်းနှင့်  အောက်တိုဘာလ(ဒုတိယအပတ်)တွင် ဆန်စီးထွက်မှုမှာ သထုံမှ ဘားအံသို့ (၁၅၃၅)အိတ်၊ မုဒုံမှ ကြာအင်းဆိပ်ကြီးမြို့ (၁၄၃၅)အိတ် စုစုပေါင်း (၂၉၇၀)အိတ်၊ တန်အားဖြင့် ၁၄၈.၅တန် စီးထွက်ကြောင်း သိရသည်။

   အဆိုပါ ဆန်စီးဝင်/စီးထွက်မှုမှာ အောက်တိုဘာလ(ပထမအပတ်)နှင့် (ဒုတိယအပတ်)၏ နှိုင်းယှဉ်ပါက စီးဝင်မှု ဆန်အိန်(၉၀)အိတ်၊ တန်အားဖြင့် ၄.၅ တန် ပိုမိုစီးဝင်ခဲ့ကြောင်းနှင့်  စီးထွက်မှု ဆန်အိတ် (၃၂၅)အိတ်၊ တန်အားဖြင့် ၁၆.၂၅ တန်လျော့နည်း စီးထွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)