မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကား ဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည် ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင် (၃)ဆိုင် ပုံမှန် ဖွင့်လှစ် ရောင်းချလျက်ရှိပြီး အောက်တိုဘာလ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီ တာလျှင်(၂၀၉၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာ(၂၁၉၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာ(၂၃၄၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်)တစ်လီတာ(၂၄၅၅)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရပါသည်။
ယခု အောက်တိုဘာလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၀၉၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာ(၂၁၉၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာ(၂၃၄၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာ(၂၄၅၅)ကျပ်ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေ လျက်ရှိကြောင်း ကျွန်းလှမြို့ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)