Main menu

တောင်ငူမြို့တွင် ဒီဇယ်ဆီဈေးကျပြီး ပရီမီယံဒီဇယ်ဆီဈေးတက်

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် 92 RON တစ်လီတာလျှင် ၂၀၅၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၅၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၃၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၃၇၅ကျပ်ရှိခဲ့သည်။

     ယခုအပတ်တွင် တောင်ငူမြို့ ဖြိုးဝေကျော်စက်သုံးဆီဆိုင်၌ 92 RON တစ်လီတာလျှင် ၂၀၅၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၅၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၉၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၁၀ကျပ်ရှိပါသည်။

      ယခုအပတ်တွင် အုတ်တွင်းမြို့ Petro K စက်သုံးဆီအရောင်းဆိုင်၌  92 RON တစ်လီတာလျှင် ၂၀၅၅ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၅၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၉၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၁၀ကျပ်ရှိပါသည်။

   ယခုအပတ်တွင် ရေတာရှည်မြို့ အောင်မေတ္တာစက်သုံးဆီအရောင်းဆိုင်၌  92 RON တစ်လီတာလျှင် ၂၀၆၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၅၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၀၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၁၅ကျပ်ရှိပါသည်။

    သို့ဖြစ်၍ ယခုအပတ်တွင် 92 RON၊ 95 RON တို့မှာ ယခင်အပတ်ထက် ဈေးနှုန်းကွာခြားချက်မများဘဲ ဒီဇယ်တစ်လီတာလျှင် ၄၀ကျပ်ကျဆင်းပြီး ပရီမီယံဒီဇယ်တစ်လီတာလျှင် ၃၅ကျပ် ဈေးတက်ကြောင်းသိရပါသည်။

DOCA(ပဲခူး)