Main menu

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့်‌ ရော်ဘာဈေးကွက်

Powered by Drupal

   မော်လမြိုင်မြို့၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလတတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်နေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ် ဖြစ်နေသော ဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၀၅၀၀၊ ဆင် (ထိုင်း) ကျပ် ၁၀၆၀၀၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၀၄၀၀ဖြင့် အရာင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။

   ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခုအပတ်တွင် ကွန်ပေါင်း(မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၆၀၀၀၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၃၉၀၀၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၇၀၀၀၀၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50kg ပါတစ်အိတ်မှာ ကျပ် ၈၈၀၀၀၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc ပါ ၁ပုလင်းမှာ ကျပ် ၃၁၀၀၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc ပါ ၁ပုလင်းမှာ ကျပ် ၁၃၈၀၀ ဖြင့်အရောင်းအဝယ်ဖြစ် နေကြောင်း သိရှိရသည်။

    မွန်ပြည်နယ်တွင် အောက်တိုဘာလဆန်းမှစ၍ ရော်ဘာစေးခြစ်ခြင်းကို စတင်နေပြီဖြစ်ပါသည်။ မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ်အရောင်းအဝယ်ပုံမှန်ရှိနေပြီး ရော်ဘာဈေးနှုန်းမှာ ယခုနှစ်အဖွင့်ရာသီတွင် RSS-3 ကျပ် ၁၇၀၀၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၆၅၀ ရှိခဲ့ပြီး အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့ထိ ရော်ဘာဈေးနှုန်းမှာ RSS-3 ကျပ် ၁၇၈၀၊ RSS-5 ကျပ် ၁၇၃၀ ရှိနေကြောင်း သိရသည်။ ယခင်အပတ် အလားတူကာလ RSS-3 ကျပ် ၁၇၀၀၊ RSS-5 ကျပ် ၁၆၇၀ နှင့်နှိုင်းယှဉ်ပါက တစ်ပေါင်လျှင် ကျပ် (၈၀) ခန့်ဈေးနှုန်းတက်လာခဲ့ပါသည်။ ယခင်နှစ်အလားတူကာလ RSS-3 ကျပ် ၁၄၃၀၊ RSS-5 ကျပ် ၁၄၀၀ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပေါင်လျှင် ကျပ် (၄၄၀) ခန့် ဈေးနှုန်းတက်လာကြောင်းသိရသည်။ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50kg) ပါတစ်ထုပ်လျှင် (၁၇၅၀) ကျပ်၊ ရော်ဘာတစ်တန်လျှင် (၃၅၀၀၀) ကျပ် ဖြင့်လည်းကောင်း မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ (50kg) ပါတစ်ထုပ်လျှင် (၂၇၅၀) ကျပ်၊ ရော်ဘာတစ်တန်လျှင် (၅၅၀၀၀) ကျပ်ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း သိရပြီး ယခုနှစ်ရော်ဘာ အစေးခြစ်ရာသီတွင် လုပ်သားများရှားပါးလျက်ရှိနေကြောင်း ရော်ဘာခြံရှင်များထံမှ သိရသည်။

DOCA(မွန်)