Main menu

သထုံခရိုင်ဦးစီးမှူးမှ ဝဥတုံထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၈.၁၀.၂၀၂၃) ရက်နေ့တွင် သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာရှိ “ဝဥတုံ” ထုတ်လုပ်သည့် လုပ်ငန်းရှင် များနှင့်တွေ့ဆုံခဲ့သည်။

    ထိုသို့တွေ့ဆုံရာတွင် ဝဥ၏ ကုန်ကြမ်းဝယ်ယူရရှိမှုအခြေအနေ၊ ထုတ်လုပ်ပုံအဆင့်ဆင့်၊ ကုန်ချောဖြန့်ဖြူးမှုအခြေအနေများကို မေးမြန်းခဲ့ရာ ဝဥအစိုများကို ပဲခူးတိုင်းနှင့် ဘီးလင်းမြို့နယ်တို့မှ တစ်ပိဿာလျှင် (၁၀၀၀-၁၅၀၀) ကျပ်ထိ ပေးဝယ်ရကြောင်း၊ အဆိုပါဝဥများကို ရေဆေး၊ အခွံခွာကာ၊ ကြိတ်၍ ကြိုရကြောင်း၊ ထို့နောက် လေးထောင့်အတုံးပုံရိုက်၍ ဈေးကွက်များသို့ ဖြန့်ဖြူးကြောင်း၊ ထိုသို့ ဖြန့်ဖြူးရာတွင် သထုံမြို့နှင့် မော်လမြိုင်မြို့သို့ ၇၀ ကျပ်သား ဝဥတုံ တစ်တုံးလျှင် (၁၈၀၀-၂၀၀၀) ကျပ် ဖြင့် လက်ကားဖြန့်ဖြူးကြောင်း သိရှိရသည်။

     အဆိုပါ ဝဥတုံများကို ဟင်းချက်စား၍သော်လည်းကောင်း၊ အသုပ်သုပ်စား၍သော်လည်းကောင်း၊ အသားတုကဲ့သို့ သက်သတ်လွတ် ဟင်းလျာများ ပြုလုပ်၍သော်လည်းကောင်း စားသုံးကြသည်။ ဇရစ်ချောင်ကျေးရွာတွင် ဝဥတုံလုပ်ငန်း လုပ်ကိုင်သူ (၆) ဦးခန့်ရှိကြောင်း သိရှိရသည်။

DOCA(မွန်)