Main menu

ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦး၊ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့တို့ပူးပေါင်း၍ (၁၈-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးရောင်းချနေသောဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ အသိအမှတ်ပြု DRC No. နှင့် Insert မပါရှိသည့် Parbisure အမှတ်တံဆိပ်ပါ  ဆေးဝါးများရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ Parbisure အမှတ်တံဆိပ်ပါ ဆေးဝါးများကိုရောင်းချမှုမရှိကြောင်းတွေ့ရှိရပါသည်။ ထို့နောက် ဆေးပစ္စည်းအရောင်းဆိုင်များအား တရားဝင်မှတ်ပုံတင်ထားသောဆေးဝါးများကိုသာရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကိုအသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)