Main menu

ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် စားသုံးသူအကာအကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့်  ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း(ဒု-ဦးစီးမှူး) နှင့် ဒေါ်ဝေဝေအောင်(အကြီးတန်းစာရေး)တို့သည် (၁၉-၁၀-၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင်  ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား စားသုံးသူအကာအကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

 အဆိုပါ အမှတ်(၂)ရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူများအား ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စာသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအကာကွယ်ပေးရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များအကြောင်းကိုရှင်းလင်းခဲ့ပြီး ဒေါ်ဝေဝေအောင်က စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူတို့၏တာဝန်များ၊  ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲကြရန်နှင့်  စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများဖြစ်သည့် Facebook Page တွင်လည်းကောင်း၊ DOCA Myanmar Page တွင်လည်းကောင်း၊ မိမိတို့ဌာနခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်စားသုံးသူတိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) တွင်လည်းကောင်း၊ မိမိတို့ဌာန၏ Website  ဖြစ်သည့် www. doca. gov. mm တွင်လည်းကောင်း၊ MPT ; mytel ;  Telenor ;  Oredoo  ; SIM Card များဖြင့်လည်း Call Center No. (1535) တို့တွင် တိုင်ကြားနိုင်ပါကြောင်းတို့ကို ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူ(၅)ဦးတို့အား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)