မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်ဈေး၌ ပခုက္ကူမြို့နယ်အတွင်းရှိရွာများနှင့် ကမ္မ၊ မြစ်ခြေရှိနယ်များမှ ဟင်းသီးဟင်းရွက်ဈေးသည်များ၊ ပခုက္ကူကျွန်း၊ ရေတောင် ဘက်ရှိ မြင်းကျွန်း၊ လေးလံကျွန်း၊ ဘောလုံးကုန်ကျွန်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း၊ ပုပ္ပါးတို့မှ လာရောက်အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးသည်များနှင့် အမှတ်(၂) ဈေးသည်များ၊ ကိုဗစ်(၁၉)ဈေးရှိ ဈေးသည်များထံမှသိရှိရပါသည်။
ပခုက္ကူမြိုမဈေး၊ အမှတ်(၂) ဈေးနှင့် ကိုဗစ်(၁၉) ဈေးတို့တွင်ရောင်းဝယ်နေသော ကုန်စိမ်းသီးနှံများမှာ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပန်းဂေါ်ဖီ၊ ခဝဲသီး၊ ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီးနှင့် အခြားသီးနှံများအရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ဖြစ်ပေါ်နေသောဈေးနှုန်းများမှာ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၀၀၀-၂၄၀၀)၊ ခရမ်းချဉ်သီးဈေးနှုန်းများမှာ ရှမ်းပြည်နယ်မှလာသော အင်းလေးသီးတစ်ပိဿာလျှင် ကျပ်(၁၆၀၀-၁၈၀၀)၊ ကျောက်ပန်းတောင်းထိုင်ဝမ်သီးတစ်ပိဿာလျှင် အမျိုးအစားကိုလိုက်၍ ကျပ်(၁၅၀၀-၁၆၀၀-၁၇၀၀)၊ ငရုတ်သီးစိမ်း (မိတ္ထီလာသီး) တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ငရုတ်သီးစိမ်း(ရွှေအပ်သီး) တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ရှမ်းပြည်မှလာသော ငရုတ်ပွသီးတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ခဝဲသီးတစ်ပိဿာလျှင် ကျပ် (၈၀၀)၊ ပန်းဂေါ်ဖီမှာ အပွင့်အရွယ်အစားကိုလိုက်၍ တစ်ပွင့်လျှင် ကျပ်(၃၀၀-၄၀၀-၅၀၀-၇၀၀-၈၀၀)၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ်(၈၀၀-၁၀၀၀)၊ မုန့်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ကျပ်(၁၅၀)၊ ပဲတောင့်ရှည်တစ်ပိဿာလျှင် ကျပ်(၂၄၀၀-၂၅၀၀)၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ ကျောက်ဖရုံသီးတစ်လုံးလျှင် ကျပ်(၇၀၀-၈၀၀-၁၀၀၀) ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်(၁၀၀)၊ ကန်စွန်းရွက်တစ်စည်းလျှင် ကျပ်(၆၅-၇၀)၊ ဆူးပုပ်ရွက်တစ်စည်းလျှင် ကျပ်(၂၅၀-၃၀၀)၊ ကင်းမွန်းချဉ်ရွက် (၁၀)စည်းပါ တစ်စည်းလျှင် ကျပ်(၂၅၀-၃၀၀)နှင့် ကြက်ဥတစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ သားငါးဈေးမှာ မွေးမြူရေးကြက်တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ် (၉၅၀၀)နှင့် ပုစွန်ထုပ်တစ်ပိဿာလျှင် ကျပ်(၂၅၀၀၀) စသည်ဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း ဈေးသည်များထံမှသိရှိရပါသည်။
DOCA(မကွေး)