Main menu

ဆိပ်ဖြူကြက်သွန်နီ အောက်တိုဘာလ (ဒုတိယပတ်) ဈေးနှုန်းဈေးကွက်နှင့် စီးဆင်းမှု

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့မှ (၁၆)ရက်နေ့အထိ (ဒုတိယပတ်)၌ နေ့စဉ်ကုန်ချိန်ပိဿာ (၁)သောင်းခွဲခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခန့်၊ ကုန်စည်ဒိုင်တွင် ဝင်ရောက်အရောင်းအဝယ်ဖြစ်ပြီး ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုမှာ (၁)ပတ်အတွင်း ပိဿာ (၃)သိန်းခန့်စီးဆင်းလျက်ရှိကြောင်းသိရှိရပါသည်။

      အောက်တိုဘာလ(ဒုတိယပတ်)အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ (ရှယ်) ကျပ်(၂၄၀၀မှ ၂၇၅၀)၊ အလတ်စ ကျပ်(၂၃၅၀မှ ၂၅၅၀)၊ အနိမ့်ဈေး ကျပ်( ၁၉၀၀မှ ၂၄၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်အပတ်တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၂၅၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုအပတ်တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၂၇၅၀)ဈေးဖြစ်၍ ကျပ်(၂၅၀)ဈေးတက်ပြီး အလတ်စ ကျပ်(၁၅၀)နှင့် အသေးစ ကျပ်(၂၀၀)စီဈေးနှုန်းတက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    ဆိပ်ဖြူကြက်သွန်နီသည် ယခုအောက်တိုဘာ(ဒုတိယပတ်)တွင် ပြည်ပတင်ပို့မှုနည်းပြီး ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်စည်အများဆုံးစီးဆင်းခဲ့ကြောင်းသိရှိရပြီး ကြက်သွန်နီစုစုပေါင်းပျမ်းမျှပိဿာချိန် (၃)သိန်းခန့်၊ (၁၁၅၃၈)အိတ်၊ တန်ချိန်(၄၉၀)ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)