Main menu

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနေဖြင့် ကန့်ဘလူခရိုင်တွင် နွေစပါး/ဆန်ဈေးအနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(စတုတ္တ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀ လျှင် ကျပ်၃,၇၀၀,၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၂၅,၀၀၀ကျပ်၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀,၀၀၀ ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၈၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ပြည် ပါတစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

ရေဦးခရိုင်၊ ရေဦးမြို့နယ်တွင် ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၁၂၅,၀၀၀၊  ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် ၁၃၀,၀၀၀ ကျပ်၊ နွေစပါး (ရွှေဝါ ထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၈၀၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၃,၂၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၁၀,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၃,၁၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၁၀၀,၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၂၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၈၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ သည်။

ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၁,၉၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၉၀,၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ် နေကြောင်း သိရပါသည်။

မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရ ပါသည်။

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၂၈,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၃,၄၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၁၂၃,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁,၈၀၀,၀၀၀၊ ရွှေဝါထွန်း(ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၈,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှ အောက်တိုဘာလ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ ၁၆,၆၀၀ အိတ်၊ မန္တလေးသို့ ၁၈,၂၀၀ အိတ်၊ မကွေးသို့ အိတ် ၁,၀၀၀၊ နေပြည်တော်သို့ ၄,၅၀၀ အိတ်၊ ရှမ်း(တောင်)သို့ ၂,၅၀၀ အိတ်၊ ရှမ်း(မြောက်)သို့ ၂,၅၀၀ အိတ်၊ ကချင်သို့ (၅၀၀)အိတ်၊ စုစုပေါင်းအိတ်(၄၅,၈၀၀)၊ တန်အားဖြင့် (၂,၂၉၀)တန် စီးထွက်ခဲ့ပြီး၊ ယခု အောက်တိုဘာလ (စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ ၁၇,၅၀၀ အိတ်၊ မန္တလေးသို့ ၁၇,၅၀၀ အိတ်၊ မကွေးသို့ ၁,၂၀၀ အိတ်၊ နေပြည်တော်သို့ ၃,၅၀၀ အိတ်၊ ရှမ်း(တောင်)သို့ အိတ် ၂,၀၀၀၊ ရှမ်း(မြောက်)သို့ အိတ် ၂,၀၀၀၊ ကချင်သို့ (၅၀၀)အိတ်၊ စုစုပေါင်းအိတ် (၄၄,၂၀၀)အိတ်၊ တန်အားဖြင့် (၂,၂၁၀)တန် စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် (၁,၆၀၀)အိတ်၊ တန်အားဖြင့် (၈၀)တန် လျော့နည်းစီးထွက်ခဲ့ကြောင်း သိရှိရပါသည်။                                                                                                                                      

DOCA(စစ်ကိုင်း)