စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးအောင်ဖြိုးဝေနှင့်အဖွဲ့သည် (၁၆-၁၀-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် နတ်မောက်မြို့၊ ဘုန်းတော်ပြည့်ကျေးရွာ၊ အိုးဘိုအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေးဥပဒေပါသိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
ထို့သို့ အသိပညာပေးဆွေးနွေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များဖြစ်သည့် စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ကုန်စည်အမျိုးအစားအလိုက် သိသာထင်ရှားစွာဖော်ပြရမည့် သတ်မှတ်ချက်များအကြောင်း၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် စားသုံးသူ၏အခွင့်အရေးဖြစ်သည့် မိမိစိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရှိသည့်အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိ၍ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသော ကုန်စည်တို့ကိုဝယ်ယူသုံးစွဲခြင်းမပြုရန် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)