Main menu

ပြည်မြို့၏အမည်သစ်သီးနှံ ဆေးပုလဲမြစ်

Powered by Drupal

   ပြည်မြို့နယ်အနေဖြင့် ရာသီပေါ်အမည်သစ်ဈေးကွက်များ နေရာအချို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အမည်သစ်ဈေးကွက်အနေဖြင့် ကြောင်လျှာဆန်၊ဆေးပုလဲမြစ်၊ နေလဲစေ့၊ ငါးကြီးအံဖတ်၊ တလုပ်စကားပွင့်ခြောက်၊ ဖန်ခါးသီးခြောက်၊ ချိတ်တို့ဖြစ်ပါသည်။ ဆေးပုလဲအမယ်သစ်သည် ယခုအချိန်အခါတွင် အရောင်းအဝယ် အများဆုံးဖြစ်နေပါသည်။ ဆေးပုလဲပင်သည် သွေးတိုး၊နှလုံးနှင့် နောက်ကျောတက် ၊မျက်စိမှုံခြင်းများကို သက်သာပျောက်ကင်းစေပါသည်။ ဆေးပုလဲပင်သည် နေရာမရွေး စိုက်ပျိုးနိုင်ပြီး အအေးကြိုက်သောအပင်ဖြစ်ပါသည်။ အလေ့ကျပေါက်သော အပင်ဖြစ်ပြီး မိုးကျကာလတွင် မျို့းစေ့ချ စိုက်ပျိုးရပြီး ဆောင်းအကုန် နွေဦးကာလတွင် အပွင့်များ အသီးများ စတင်ထွက်ပေါ်လာပါသည်။ ဆေးပုလဲပင်၏ အရွက်ကို အစိမ်းဝါးစားပြီး ရေအေးနှင့် သောက်သုံးလျှင် ဗိုက်နာခြင်းမရှိဘဲ ဝမ်းသွားစေပါသည်။ ဆေးပုလဲအမြစ်သည် ခန္ဓာကိုယ်အတွက် လိုအပ်သောဓာတ်များကို ရရှိစေပြီး ပိုနေသောဓာတ်များကို ဖယ်ရှားပေးသောကြောင့် ရှေးယခင်ကတည်းကပင် အသက်ရှည်ဆေးအဖြစ် သုံးဆောင်ခဲ့ကြပါသည်။ ပြည်မြို့နယ်တွင် ဆေးပုလဲပင်များကို နေရာအနှံ့စိုက်ပျိုးပြီး ဆေးပုလဲမြစ်ခြောက်ကို ပရဆေးဆိုင်များမှ ဆေးဖော်ရာတွင် အသုံးပြုရန်အတွက် လာရောက်ဝယ်ယူကြောင်းသိရပါသည်။ ‌ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ၃၀၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)