စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၁၉-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး (CICC) ခန်းမ၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြုစေရန် Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း (၁၇)ဦးတက်ရောက်ခဲ့ကြပါသည်။
အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ ဒုတိယဦးစီးမှူး ဦးဇော်မင်းဦးက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပြဋ္ဌာန်းချက်ပါ အခန်း(၁)မှ အခန်း(၅)အထိဆွေးနွေးခဲ့ရာ ဥပဒေ၏အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပါယ်ဖော်ပြချက်များကိုရှင်းလင်းပြီးနောက် ပုဒ်မ ၂ပါ အဓိပ္ပါယ်ဖော်ပြချက်များအနက် စားသုံးသူကာကွယ်ရေး၊ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်၊ ဝန်ဆောင်မှု စသည့်ပုဒ်မ(၂)ပါ အချက်များ၏အဓိပ္ပါယ်များကိုရှင်းလင်းခြင်း၊ အခန်း(၂)တွင် စားသုံးသူကာကွယ်ရေးဥပဒေ၏ရည်ရွယ်ချက် (၈) ရပ်ကို အသေးစိတ်ရှင်းလင်းခြင်း၊ အခန်း(၃)တွင် ကော်မရှင်ဖွဲ့စည်းခြင်း၊ ကော်မတီတွင် ဖွဲ့စည်းရမည့်အဖွဲ့ဝင်ဦးရေ၊ ကော်မရှင်ဥက္ကဋ္ဌ၏တာဝန်များ၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင်များ၏ခံစားခွင့်များ၊ အတွင်းရေးမှူး၏တာဝန်များကိုရှင်းလင်းခြင်း၊ အခန်း (၄)တွင် ကော်မရှင်၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များကိုရှင်းလင်းခြင်းနှင့် အခန်း(၅)တွင် ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များကိုဆွေးနွေးခဲ့ပါသည်။
ဦးစီးမှူး ဒေါ်စန်းမြင့်ရီက ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုမှ အမျိုးသားအကျိုးစီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆီသို့ခေါင်းစဉ်ဖြင့် အကျယ်တဝင့်ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၆)တွင်ပြဋ္ဌာန်းထားသော စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်(၁၁)ချက်၊ အခန်း(၇)ပါ စားသုံးသူရေးရာကော်မတီဖွဲ့စည်းခြင်း၊ အခန်း(၈)ပါ စားသုံးသူရေးရာကော်မတီ၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များတို့ကို လွယ်ကူစွာမှတ်သားနိုင်စေရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ငွေစာရင်းဌာနခွဲမှစာရင်းပြုစုရသော ဌစ (၉) မှ ဌစ (၁၆)အထိ စာရင်းရေးသွင်းပြုစုနည်းများကို သိသာလွယ်ကူစေရန် နမူနာပုံစံများပြသ၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဦးဝေဠုအောင်က ယခုကဲ့သို့ ရှင်းလင်းဆွေးနွေးခဲ့သူများကိုလည်းကျေးဇူးတင်ပါကြောင်း၊ တက်ရောက်လာသည့်ဝန်ထမ်းများအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့် ဌာနခွဲများမှလုပ်ငန်းများကိုနားလည်စေရန်အတွက် Thursday Talk ကို လစဉ် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့မှုကိုသိရှိရပါသည်။
DOCA(မကွေး)