Main menu

ပြည်ထောပတ်ပဲသီးနှံမှာ ပြည်ပဝယ်လိုအားရှိသော ပဲများထက်ဈေးပိုရ

Powered by Drupal

     ပြည်ပဲဈေးကွက်အတွင်း ၂၀၂၃ခုနှစ် ပဲဈေးနှုန်းအမြင့်ဖြင့် ဈေးကောင်းရလျက်ရှိသော  ပဲများတွင် ထောပတ်ပဲသီးနှံလည်း ပါဝင်နေပြီး အောက်တိုဘာလအတွင်း ပိဿာ (၂၀) တစ်တင်း (၁၀၁၀၀၀) ကျပ်ဖြင့် ဒေသတွင်းဝယ်လက်များ အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ထောပတ်ပဲသီးနှံသည် ပဲပေါ်ချိန်အထွက်လှိုင်ချိန် ကာလများတွင်သာ အရောင်းအဝယ်သွက်ခဲ့သောပဲဖြစ်ပြီး ယခုကာလမှာတော့ ပဲလက်ကျန်များဖြင့်သာ လက်လီအိတ်အနည်းငယ် အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ယခင်နှစ်က မတ်ပဲ၊ ပဲစင်းငုံသီးနှံများမှာ တစ်တင်းလျှင် ကျပ်(၆၀၀၀၀)ကျော်အထိ ဈေးမြင့်တက်ခဲ့ပေမယ့် ထောပတ်ပဲသီးနှံသည် (၅၅၀၀၀)ကျပ်သာ ရရှိခဲ့သောကြောင့် အဆိုပါပဲများထက် ဈေးလျော့နေသော်လည်း ယခုနှစ် ထောပတ်ပဲသီးနှံမှာ ပြည်ပဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံ ၊ ပဲတီစိမ်းသီးနှံများထက်ပင် ဈေးပိုရနေလျက်ရှိကြောင်း သိရပါသည်။