Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

  ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ (၁၂-၁၀-၂၀၂၃) ရက်နေ့မှ (၁၈-၁၀-၂၀၂၃) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သောအခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်-ရှယ်) ၁ပိဿာလျှင် အမြင့်ဈေး ၈၀၀၀/-ကျပ်နှင့် အနိမ့်ဈေး ၇၃၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ပဲကြီး(ကုန်း) ၅၂၁၅/-ကျပ်မှ ၅၃၉၅/-ကျပ်အထိဖြင့်လည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) ၅၄၈၅/-ကျပ်မှ ၅၅၈၀/-ကျပ်အထိလည်းကောင်း၊ ကုလားပဲခြမ်း ၁ပိဿာလျှင် ၅၈၅၀/-ကျပ်မှ ၆၁၀၀/-ကျပ်အထိလည်းကောင်း၊ ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) ၁ပိဿာလျှင် ၁၄၀၀၀/-ကျပ်မှ ၁၆၀၀၀/-ကျပ်အထိလည်းကောင်း၊ ငရုတ်သီး (အိမ်မဲ-ရှည်) ၁ပိဿာလျှင် ၆၀၀၀/-ကျပ်မှ ၇၀၀၀/-ကျပ်အထိလည်းကောင်း၊ မန်ကျဉ်းသီး (ကပ်ပွင့်-သစ်) ၁ပိဿာလျှင် ၁၁၅၀/-ကျပ်မှ ၁၂၅၀/-ကျပ်အထိလည်းကောင်း၊ မန်ကျည်းသီး (အသား-သစ်) ၁ပိဿာလျှင် ၁၉၀၀/-ကျပ်မှ ၂၅၀၀/-ကျပ်အထိလည်းကောင်း၊ ကြံသကာ (အိတ်သွတ်စ) ၁ပိဿာလျှင် ၃၁၀၀/-ကျပ်မှ ၃၂၀၀/-ကျပ်အထိလည်းကောင်း၊ သကြား (ပြည်တွင်း) ၁ပိဿာလျှင် ၃၇၇၀/-ကျပ်မှ ၃၇၉၀/-ကျပ်အထိလည်းကောင်း၊ ထန်းလျက် (တောင်သာ) ၁ပိဿာလျှင် ၃၃၅၀/-ကျပ်မှ ၃၇၀၀/- ကျပ်အထိလည်းကောင်း၊ ထန်းလျက် (ညောင်ဦး) ၁ပိဿာလျှင် ၄၀၀၀/-ကျပ်မှ ၄၁၀၀/-ကျပ်အထိလည်းကောင်း၊ အာလူး (တရုတ်) ၁ပိဿာလျှင် ၁၈၀၀/-ကျပ်မှ ၂၃၀၀/-ကျပ်အထိလည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ပိဿာလျှင် ၁၈၀၀/-ကျပ်မှ ၃၃၀၀/-ကျပ်အထိလည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး အဆိုပါ အခြေခံစားသောက်ကုန်များဈေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် အနည်းငယ်သာ အတက်အကျဖြစ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)