Main menu

ပြည်ဒေသထွက် ပန်းဂေါ်ဖီဈေးကွက်

Powered by Drupal

     ပြည်မြို့နယ်ရှိ ဈေးကွက်များတွင် ဒေသထွက်ပန်းဂေါ်ဖီမျိုးများ စတင်ရောင်းချနေကြနေကြပြီ ဖြစ်ပါသည်။ ပန်းဂေါ်ဖီကို ပြည်မြို့နယ်ရှိ ကျေးရွာများနှင့် ပြည်မြို့ဒေသတစ်ဝိုက်ရှိ မှော်ဇာ၊ တောင်လုံးညို၊ ပုတီးကုန်းမြို့ရှိ ကျေးရွာများတွင် စိုက်ပျိုးကြပြီး ပြည်မြို့နှင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးများသို့ တင်ပို့ရောင်းချကြပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းပေးဝယ်ယူရောင်းချကြကြောင်း သိရပါသည်။ ဒေသထွက်ပန်းဂေါ်ဖီ အကြီးတစ်ပွင့်လျှင် (၁၅၀၀)ကျပ်၊ အလတ်ပွင့်တစ်ပွင့်လျှင် (၁၂၀၀)ကျပ် ၊ အသေးတစ်ပွင့်လျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)