Main menu

သီတင်းကျွတ်အကြို “အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းဖွင့်ပွဲအခမ်းအနား (ရန်ကုန်)”

Powered by Drupal

  (၁၄-၁၀-၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကျင်းပပြုလုပ်သော သီတင်းကျွတ်အကြို အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ ပါသည်။

     ဝန်ကြီးချုပ်က ယနေ့ဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပေးကြသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အဖွဲ့အသီးသီးနှင့် သမဝါယမအသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပူးပေါင်းဆောင်ရွက်ကြပါသောပညာရှင်များနှင့် လုပ်ငန်းရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေကြောင်း နှုတ်ခွန်းဆက်မေတ္တာပို့သပြီး ယနေ့ကျင်းပမည့် သီတင်းကျွတ်အကြို အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားသောလုပ်ငန်းများအနက် လုပ်ငန်းရှင် (၇၄)ဦး၏ထုတ်ကုန်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းတွေ့ရှိ ရောင်းဝယ်နိုင်ရန်အတွက် ဈေးကွက်တစ်ခုကိုဖန်တီးဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်ပွဲတော်ကိုကြိုဆိုသည့်အနေဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်မှာ၌ သတ္တမအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်သောပြပွဲလည်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြသရောင်းချခြင်းအားဖြင့် ပြည်တွင်း/ ပြည်ပဈေးကွက်ရရှိစေရုံမျှမက မြန်မာ့လက်မှုထည်လုပ်ငန်းများမှာလည်း ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပြီး လက်မှုထည်ကဏ္ဍဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ယနေ့ပြပွဲ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်မှုထည်ပစ္စည်းများ၊ အသေးစားထုတ်ကုန်အမယ်အမျိုးမျိုးကို တစ်နေရာတည်းတွင် မြင်ရခြင်း၊ လေ့လာရခြင်း၊ လုပ်ငန်းရှင်၊ ပညာရှင်အချင်းချင်း မိတ်ဆက်ရခြင်း၊ အမြင်ချင်းဖလှယ်နိုင်ခြင်း၊ အခြားသော MSMEs လုပ်ငန်းများကသိရှိပြီး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းတို့မှာ ပြပွဲ၊ ဈေးရောင်းပွဲတော်မှ ဆင့်ပွားရရှိသော အနှစ်သာရတစ်မျိုးပင်ဖြစ်ပါကြောင်း၊ အသေးစားစက်မှု/ လက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံဖြင့် နိုင်ငံတော်က တွန်းအားပေးဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ အစီအစဉ်များသည် အကျိုးသက်ရောက်မှုအားကြီးမားစေမည်ဖြစ်သည့်အတွက် စုစည်းညီညွတ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်သည်ဟု ပြောကြားလိုကြောင်း၊ ယခုကဲ့သို့ကောင်းမွန်ပြီး အကျိုးကျေးဇူးများစေသည့် ပြပွဲ၊ ဈေးရောင်းပွဲများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်ကြပါဟုလည်း တိုက်တွန်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)