Main menu

ရာသီပေါ် ကလားဝါးဥ

Powered by Drupal

   ဒေသအခေါ် ကလားဝါးဥ (ခေါ်)ဝါးဥကို နေရာအနှံ့အပြားတွင် စိုက်ပျိုးနိုင်သော်လည်း ဖြစ်ထွန်းမှု အားကောင်းပြီး ဥချောချောရရန် တူးရလွယ်ကူသော သဲနုန်းမြေဆွေးမြေမွများတွင်သာ စီးပွားဖြစ် စိုက်ပျိုးကြပါသည်။ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် ဧကလိုက်စိုက်ပျိုးခြင်းမရှိဘဲ တပိုင်တနိုင်သာစိုက်ပျိုးကြပါသည်။ ဝါးဥပင်သည် ချဉ်ဖတ်ပြုလုပ်ရာတွင်ပါဝင်သော သရက်   ကင်းပင်နှင့်ပုံသဏ္ဍာန်တူပါသည်။ ရေဓာတ်ကိုကြာရှည်စွာ ထိန်သိမ်းထားနိုင်သောကြောင့် အသက်ပြင်းသောအပင်အမျိုးအစားဖြစ်ပါသည်။

    ဝါးဥပင်ကို စိုက်ပျိုးရာတွင်လည်း တကူးတက စိုက်ပျိုးစရာမလိုဘဲ ဝါးဥကိုတူးဖော်စဉ်ကပင် အပင်တက်ထွက်ရာ ဝါးဥ၏အမြီးပိုင်းကို လက်တဆစ်ခန့်ချိုး၍ တူးယူသောကျင်း၌ပင် ပြန်လည်မြေဖို့၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီးနောင်နှစ် မိုးဦးကျမှသာ အပင်တက်များပြန်လည်ထွက်ပေါ်လာခြင်းဖြစ်ပါသည် ။ အပင်အမြင့်မှာ (၃-၄)ပေခန့်အမြင့်ရှိပြီး မိုးအကုန်တူးဖော်ရာတွင် တစ်ပင်ကိုဥပွားများ  (၃-၄) ဥ ပြန်လည်ထွက်ရှိပါသည်။ယခုလိုအချိန် အောက်တိုဘာလ ဝါးဥရာသီပေါ်ချိန်တွင်ဒေသပေါက်ဈေး မှာ တစ်ပိဿာ (၃၀၀၀)ကျပ်ပေါက်ဈေးရှိပါသည်။

   ဝါးဥသည်အထိအခိုက် အထားခံ၍ သယ်ဆောင်ရလွယ်ကူသောကြောင့် ဒေသမရွေး ဝယ်ယူရရှိနိုင်ပါသည်။ စိမ့်သောအရသာရှိ၍ စားလို့ကောင်းသော ဝါးဥကိုပြုတ် ပါးပါးလှီး နှမ်းကြက်သွန် ကြော်အနည်းငယ်ထည့်၍ ဆီဆမ်းဆားဖြူးကာ သရေစာအဖြစ်စားသုံးနိုင်သလို  အစိမ်းကိုပါးပါးလှီးထောင်းပြီး ကြော်ပါက  ဟင်းတစ်မယ်အဖြစ် ထမင်းနှင့် တွဲဖက်စားသုံးနိုင်သော အကုန်အကျလည်း သက်သာ၊ ဓာတုဆေးဝါးလည်းကင်းလွတ်သော အော်ဂဲနစ်သီးနှံလည်းဖြစ်၍ ရာသီပေါ် ကလားဝါးဥ (ခေါ်) ဝါးဥကိုစာသုံးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)