စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၆ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းကာ ကန့်ဘလူမြို့မဈေးနှင့် ရပ်ကွက်ကုန်စုံဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများ၊ စားအုန်းဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကုန်ပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချရန်ရည်ရွယ်၍ ကုန်ဈေးနှုန်းတည်ငြိမ်မှုကိုပျက်ပြားစေမည့် ကိစ္စရပ်များကိုပြုလုပ်ပါက ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)