Main menu

ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ် နယ်စပ်ဒေသများ၏ ကုန်သွယ်မှုအခြေအနေ

Powered by Drupal

       ရှမ်းပြည်နယ်အနေဖြင့် နယ်စပ်ကုန်သွယ်မှုများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်(၁၀၅)မိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်များတွင် အဓိကထား ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ခုနှစ် ဧပြီလပိုင်းမှစ၍ နယ်စပ်ဂိတ်များ ပိတ်ထားခဲ့ရာမှ (၂၆.၁၁.၂၀၂၁)ရက်နေ့တွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ် (ကျိန်းစန်းကျော့ဂိတ်) ပြန်လည်ဖွင့်လှစ်၍ တရုတ်နိုင်ငံသို့ သီးနှံများပြန်လည်တင်သွင်းလျက်ရှိပါသည်။

            ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်(၁၀၅)မိုင်မှ တရုတ်နိုင်ငံသို့ ရာဘာ(၁၀၀)တန်အား တစ်တန်လျှင် မြန်မာငွေဖြင့် (၂၁၄၃၆၃၂)ကျပ်၊ တရုတ်ယွမ်ဖြင့် (၇၅၄၈)ယွမ်ဖြင့်လည်းကောင်း၊ ဖရဲသီး (၇၃၂၁.၅)တန်ကို တစ်တန်လျှင် မြန်မာငွေဖြင့် (၁၄၈၈၉၆)ကျပ်၊ တရုတ်ယွမ်ဖြင့် (၅၂၇)ယွမ်ဖြင့်လည်းကောင်း၊၊ သခွားမွှေး(၂၈၆.၅)တန်ကို တစ်တန်လျှင် မြန်မာငွေဖြင့် (၃၆၆၂၄၀)ကျပ်၊ တရုတ်ယွမ်ဖြင့် (၁၂၈၃)ယွမ်ဖြင့်လည်းကောင်း အသီးသီးတင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

              ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း-မိုင်းလား နယ်စပ်မှာတော့ ဒီဇင်ဘာလအတွင်း ပို့ကုန်များတင်ပို့နိုင်ခြင်း မရှိပါကြောင်းနှင့် သွင်းကုန်များမှာ ဆပ်ပြာမှုန့်၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို တင်သွင်းခဲ့ပါသည်။ တာချီလိတ်မြို့ မယ်ယန်း ကုန်သွယ်ရေးစခန်းမှ တစ်ဖက်နိုင်ငံသို့ ကော်ဖီစေ့၊ နှမ်းနက်၊ ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊ ပြောင်း၊ ဆန်၊ ထောပတ်သီး၊ ရာဘာ၊ သစ်သားပြားများကို တင်ပို့နိုင်ခဲ့ပြီး ဒီဇယ်၊ ဓာတ်ဆီ၊ ပြောင်းဖူးစေ့၊ သံချောင်းနှင့် အိမ်ဆောက်ပစ္စည်းများကို တင်သွင်းခဲ့ပါသည်။

           ကုန်သွယ်မှုပမာဏမှာ ၂၀၂၁ခုနှစ် နိုဝင်ဘာလအတွင်း မူဆယ်(၁၀၅)မိုင်မှ တရုတ်နိုင်ငံသို့ ရာဘာ ၃၁.၅)တန်ကို တစ်တန်လျှင် မြန်မာငွေ (၂၁၃၈၄၀၀)ကျပ်၊ တရုတ်ယွမ် (၇၇၇၆)ယွမ်ဖြင့် တင်ပို့နိုင်ခဲ့သော်လည်း ယခုလမှာ ရာဘာ တန်(၁၀၀) ကို တစ်တန်လျှင် မြန်မာငွေ (၂၁၄၃၆၃၂)ကျပ် တရုတ်ယွမ်(၇၅၄၈)ဖြင့် တင်ပို့နိုင်ခဲ့သဖြင့် ရာဘာတင့်ပို့မှုတန်ချိန်မှာ များလာ၍ ဈေးနှုန်းလည်း ပိုမိုရရှိခဲ့ပါသည်။ နိုဝင်ဘာလအတွင်း ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း-မိုင်းလား နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း(၀.၇၃၆) ဒေါ်လာသန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခုလမှာတော့ အမေရိကန်ဒေါ်လာသန်းပေါင်း(၀.၁၅၁၉) ဒေါ်လာသန်းဖိုး တင်ပို့လာနိုင်သဖြင့် တင်ပို့မှုပမာဏများလာတာကို နယ်စပ်ကုန်သွယ်မှု စာရင်းများအရ သိရှိရပါသည်။

          ၂၀၂၀ခုနှစ် ဧပြီလမှစ၍ မြန်မာ-တရုတ် နယ်စပ်ဂိတ်များကို ကို‌ဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားခဲ့ရာမှ နယ်စပ်ကုန်သွယ်မှုများ ခေတ္တရပ်ဆိုင်းခဲ့ပြီး ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂၂ရက် နေ့မှစ၍ ဖွင့်လှစ်ပေးခဲ့သော်လည်း ကုန်သွယ်မှုများယခင်လို မြန်ဆန်ချောမွေ့မှု မရှိသေးပါ ကြောင်းနှင့် မိုင်းယောင်း-မိုင်းယု ကုန်သွယ်ရေး လမ်းကြောင်းမှာလည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွား သူများတွေ့ရှိရမှု များနေသောကြောင့် (၁၉.၇.၂၀၂၁)ရက်နေ့မှစ၍ ယနေ့အထိ ယာယီပိတ် ထားပြီး မိုင်းယောင်း-မိုင်းယု ကုန်သွယ်ရေးလမ်းကြောင်းမှာ ကုန်သွယ်မှုမရှိပါကြောင်း စုံစမ်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ရှမ်းပြည်နယ်)