Main menu

၂၀၂၁ မိုးစပါးနှင့် ၂၀၂၂နွေစပါးတို့အတွက် စပါးဈေးနှုန်းသတ်မှတ်

Powered by Drupal

          ၂၀၂၁ခုနှစ် မိုးစပါးနှင့် ၂၀၂၂ခုနှစ် နွေစပါးတို့အတွက် စပါးတင်း(၁၀၀)၏ အခြေခံဈေးနှုန်းကို ကျပ်(၅၄၀၀၀၀) အဖြစ်သတ်မှတ်ကြောင်း တောင်သူလယ်သမားများ အခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ၂၀၂၁ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

          စပါး အစိုဓါတ်(၁၄)ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော် ၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း(၄၆)ပေါင်းကိုက် စပါးတင်း (၁၀၀)၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအား ကျပ်(၅၄၀၀၀၀) သတ်မှတ်လိုက်ပြီး ဈေးကွက် ပေါက်ဈေးသည် အခြေခံရည်ညွှန်း စပါးဈေးအပေါ်တွင်ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးအောက်တွင်ဖြစ်ပါက အခြေခံ ဈေးနှုန်းအတိုင်းဝယ်ယူရမည်ဟု အသိပေးထားကြောင်းသိရှိပါသည်။

      အခြေခံရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချရန် အခက်အခဲရှိသည့် တောင်သူလယ်သမား များအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်း ချုပ်ရုံး၏ ဖုန်း ၀၁-၂၃၀၁၁၂၈၊ ၀၈၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆ သို့ ဆက်သွယ်နိုင်သည်ဟု တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့က အသိပေးထားကြောင်း သိရပါသည်။

          ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စပါး တင်း(၁၀၀)၏ လက်ရှိ ပေါက်ဈေးမှာ ကျပ်(၇၅၀,၀၀၀) ရှိကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ရှမ်းပြည်နယ်)