Main menu

ဂေါ်ဖီထုပ်များ ဈေးကောင်းရရှိ

Powered by Drupal

              ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်ရှိသောဂေါ်ဖီထုပ်များသည် ယခုလက်ရှိအချိန်တွင် တစ်ပိဿာလျှင် ပွဲရုံဈေး (၆၀၀) မှ (၇၀၀) ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင် (၇၀၀) မှ ( ၁၀၀၀) ကျပ် နှုန်းဖြင့်ဈေးကောင်းရရှိလျက်ရှိပြီး ပင်းတယ၊ ကလော(ဟဲဟိုး)၊ ပင်လောင်း (နောင်တရား၊ တီကျစ်) မြို့နယ်များတွင် အများဆုံးစိုက်ပျိုးထွက်ရှိပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) တစ်ခုလုံးအနေဖြင့် တစ်နှစ်လျှင် ပျှမ်းမျှ (၁၄၀၁၆) ဧက စိုက်ပျိုးပြီး (၁၅၀၆၇၀)တန်၊ ညီမျှပိဿာ (၉၂၂၆၈၆၀၃) နှစ်စဉ်ထွက်ရှိပြီး မြန်မာနိုင်ငံ အနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

             ယခင်နှစ်တွင် ကိုဗစ်ရောဂါအခြေအနေများအရ ဝယ်ယူစားသုံးမှု နည်းပါးသောကြောင့် ဂေါ်ဖီထုပ်များ ဈေးနှုန်းရသင့်သလောက်မရဘဲ တချို့တောင်သူများအနေဖြင့် အရှုံးပေါ်ခဲ့ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူဈေးနှုန်းမှာ ပွဲရုံရှိဈေး တစ်ပိဿာလျှင် (၁၅၀) မှ (၂၅၀)ကျပ်၊ လက်လီဈေးနှုန်းမှာ (၃၀၀) မှ (၄၀၀)ကျပ် ရှိခဲ့ပါသည်။ ယခုနှစ်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်း လျော့နည်းလာခြင်းကြောင့်လည်းကောင်း၊ စိုက်ပျိုးမှုနည်းပါးလာခြင်းကြောင့် လည်းကောင်း၊ ဂေါ်ဖီထုပ်များ ဈေးကောင်းရရှိခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဂေါ်ဖီထုပ်တစ်ဧက စိုက်ပျိုးလျှင် ကျပ် (၁၀၀၀၀၀၀) မှ (၁၅၀၀၀၀၀) အထိ ကုန်ကျပြီး တစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်း (၆၅၀၀) ပိဿာ မှ (၇၅၀၀) ပိဿာခန့် ထွက်ရှိကြောင်း သိရရှိပါသည်။ ယခုထွက်ရှိသော ဂေါ်ဖီထုပ်များသည် စက်တင်ဘာလတွင် စတင်စိုက်ပျိုးသည့် ဂေါ်ဖီထုပ်များဖြစ်ကြောင်း သတင်းရရှိ ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ရှမ်းပြည်နယ်)