Main menu

တောင်ကြီးဈေးကွက်အခြေအနေ

Powered by Drupal

          (၂၇.၁၂.၂၀၂၁)ရက်နေ့မှ (၃၀.၁၂.၂၀၂၁)ရက်နေ့ထိ တစ်ပတ်အတွင်း ဖြစ်ပေါ်နေသော တောင်ကြီးလက်လီဈေးကွက်၏ အခြေခံစားကုန်ဈေးနှုန်းများမှာ အာလူးတစ်ပိဿာလျှင်(၂၅၀၀)  ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင်(၁၀၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ ဧည့်မထ(ဒေသ) ဆန်  တစ်ပြည် လျှင်(၁၂၀၀)ကျပ်၊ တစ်အိတ်လျှင် (၂၈၀၀၀)  ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး(အဟောင်း) တစ်ပြည်လျှင်(၂၃၀၀)ကျပ်၊ တစ်အိတ်လျှင်(၅၄၀၀၀)ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေး(အဟောင်း)တစ်ပြည် လျှင်(၂၀၅၀)ကျပ်၊ တစ်အိတ်လျှင်(၄၈၀၀၀)ကျပ်နှင့် ကြက်သွန်နီတစ်ပိဿာလျှင်(၁၂၀၀)ကျပ်ရှိှ ကြောင်း သိရှိရပါသည်။

          အာလူးဈေးနှုန်းမှာ ယခင်တစ်ပတ်ထက်(၅၀၀)ကျပ် ဈေးကျသွားပြီး တောင်ကြီးမြို့နယ်အနီး တစ်ဝိုက်ရွာများတွင် စိုက်ပျိုးသော ဒေသအာလူးများထွက်ရှိလာခြင်းကြောင့်ဖြစ်ကြောင်း၊ ဂေါ်ဖီထုပ် မှာယခင်တစ်ပတ်ထက် တစ်ထုပ်လျှင်(၃၀၀)ကျပ် ဈေးတက်လာကြောင်းတွေ့ရှိရပါသည်။ ဂေါ်ဖီ  ထုပ်သီးနှံသည် ယခုနှစ်တွင်တောင်သူများ စိုက်ပျိုးထုပ်လုပ်မှုနည်ပါးလာသောကြောင့် ဈေးကောင်း ရရှိသော သီးနှံဖြစ်ကြောင်းသိရှိရပါသည်။ ပဲနီလေးမှာ တစ်ပိဿာလျှင်ယခင်တစ်ပတ်ထက် (၅၀၀)ကျပ် ဈေးနှုန်းကျလာပြီး ဝယ်ယူစားသုံးမှုနည်းပါးလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          ကျန်အခြေခံစားကုန်များ၏ဈေးနှုန်းများမှာ ယခင်တစ်ပတ်အတိုင်းဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီး(ရှမ်းပြည်နယ်)