Main menu

ပခုက္ကူမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့်ဝန်ထမ်းများသည် စားသုံးပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ဆေးနှင့်ဆေးပစ္စည်းများဝယ်ယူသုံးစွဲနိုင်ရန်အတွက် (၇-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်များသို့သွားရောက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော  ဆေးနှင့်ဆေးပစ္စည်းများတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ သုံးစွဲရန်မသင့်ဟုထုတ်ပြန်ထားသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ ကိုဗစ်-၁၉ ဆေးနှင့်ဆေးဝါးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း (သို့) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)