Main menu

အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်စျေးတန်းစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပခြင်း

Powered by Drupal

  ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၉ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျောင်းမုန့်စျေးတန်းအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

      အဆိုပါ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်စျေးတန်းအား စစ်ဆေးရာတွင် ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူစားသုံးနိုင်စေရန်အတွက် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသည့် မုန့်များကိုသာဝယ်ယူရောင်းချရန်နှင့်  ကျောင်းစျေးတန်းရှိ တချို့သောမုန့်များတွင် ဆိုးဆေးများပါရှိမှုရှိ/မရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ Mobile Lab မော်တော်ယာဥ်ဖြင့် စစ်ဆေးပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

   ဆက်လက်၍ ပင်မကျောင်းဆောင်ခန်းမတွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးများနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆိုးဆေးအန္တရာယ်များအကြောင်း ဟောပြောဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ ၎င်းနောက် မေးခွန်းများမေးမြန်း၍ ဆုလက်ဆောင်ချီးမြှင့်ခြင်းများဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို နံနက်(၁၁း၀၀) နာရီအချိန်တွင်  ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)