Main menu

အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် ဈေးအတွင်း ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    (၇-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၁၅) နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းဈေး၌ ကွင်းဆင်းစစ်ဆေးခြင်းနှင့် နေ့လယ်(၁၃:၅၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ လှော်ကားနီလာဈေးရှိ ဈေးတာဝန်ခံရုံးတွင် အသိပညာပေးဟောပြောခြင်းနှင့် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာ ပထမဉီးစွာ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းဈေးမှ ဈေးတာဝန်ခံဝန်ထမ်းများနှင့်အတူ စားသုံးသူရေးရာဉီးစီးဌာနမှ ဒေါ်နီလာဦး(ဒုဦးစီးမှူး) ဝန်ထမ်း များလိုက်ပါ၍ ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုးတို့တွင် “စားသုံးသူကာကွယ်ရေးဥပဒေပါ” ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာရှိ/မရှိစစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါဝင်သော ကုန်စည်များကိုသာရောင်းချ၍လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များကလည်း မိမိကုန်ပစ္စည်းများကို သတ်မှတ်ချက်များနှင့် အညီ သိရှိလိုက်နာထုတ်လုပ်ဆောင်ရွက်ရန် စစ်ဆေးပြောကြားခဲ့ပြီး ဆက်လက်၍ ရွှေပြည်သာမြို့နယ်၊ လှော်ကားနီလာဈေးရှိ ဈေးသူ/ဈေးသားများအား စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ မူဝါဒများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ လိုက်နာမည့်အချက်များနှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး ဈေးသူ/ဈေးသားများအနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားမပြည့်စုံသောကုန်ပစ္စည်းများကို ဈေးကွက်အတွင်းရောင်းချခြင်း၊ သိုလှောင်ခြင်းမပြုနိုင်ရေး ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက မိမိတို့ဌာနသို့ တိုင်ကြားနိုင်ပါကြောင်းပြောကြားခဲ့ပြီး ဈေးအတွင်း အသင့်ဖျော် ကော်ဖီနှင့် လက်ဖက်ရည်ထုတ်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)