Main menu

ဘားအံမြို့ မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

     ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြို့မဈေးတွင် ရောင်းချနေသော သစ်သီးဝလံများမှာ ရှမ်းပြည်နယ်တောင်ကြီးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် မြဝတီမြို့ရှိ သစ်သီးဝလံပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီး ဝလံဈေးနှုန်းများမှာ နဂါးမောက်သီး(သေး) တစ်လုံးလျှင် (၂၀၀၀) ကျပ် နဂါးမောက်သီး(ကြီး) တစ်လုံးလျှင် (၃၀၀၀) ကျပ်၊ စပျစ်သီး(အလုံးကြီး) တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်၊ စပျစ်သီး(အလုံးသေး) တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ ပန်းသီး(ရိုးရိုး) တစ်လုံးလျှင် (၁၀၀၀ မှ ၁၅၀၀)ကျပ်၊ ပန်းသီး(ယိုးဒယား) တစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ပန်းသစ်တော် တစ်လုံးလျှင် (၃၀၀၀ မှ ၃၅၀၀)ကျပ်၊ သရက်သီး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ မာလကာသီး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ ဆန်းကစ်သီး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျော တစ်ဖီးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်၊ သီးမွှေးငှက်ပျော တစ်ဖီးလျှင် (၃၀၀၀ မှ ၃၅၀၀)ကျပ်၊ ဩဇာသီး တစ်လုံးလျှင် (၅၀၀) ကျပ်၊ ထောပတ်သီး တစ်လုံးလျှင် (၁၀၀၀ မှ ၁၅၀၀)ကျပ်၊ ကြက်မောက်သီး တစ်ကီလိုလျှင် (၈၀၀၀) ကျပ်၊ ဖရဲသီး တစ်လုံးလျှင် (၃၀၀၀ မှ ၅၀၀၀)ကျပ်၊ နာနတ်သီး(ကြီး) တစ်လုံးလျှင် (၃၅၀၀) ကျပ် နာနတ်သီး (သေး)တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ ဒူးရင်းသီး(ကြီး) ယိုးဒယား တစ်လုံးလျှင် (၇၀၀၀၀)ကျပ်၊ ဒူးရင်းသီး(သေး)ယိုးဒယား တစ်လုံးလျှင် (၄၀၀၀၀)ကျပ်၊ ကျွဲကောသီး(သေး) တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ကျွဲကောသီး(ကြီး) တစ်လုံးလျှင် (၂၅၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဘားအံမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များထံမှ သိရှိရပါသည်။

DOCA(ကရင်)