Main menu

၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့ အား မိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

   မကွေး/ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မကွေးမြို့နယ်တွင် (၄)ကြိမ်၊ တောင်တွင်းကြီးမြို့နယ်တွင် (၂)ကြိမ်၊ မြို့သစ်မြို့နယ်တွင် (၃)ကြိမ်၊ နတ်မောက်မြို့နယ်တွင် (၃)ကြိမ်၊ ချောက်မြို့နယ်တွင် (၄)ကြိမ်၊ ရေနံချောင်းမြို့နယ်တွင် (၃)ကြိမ်၊ စုစုပေါင်း(၁၉)ကြိမ်ဆောင်ရွက်ခဲ့ပြီး ရုံးချုပ်၏ညွှန်ကြားချက်အရ ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ်မပါဝင်သော တရားမဝင်တင်သွင်းလာသည့် Parbisure IV/ HV Injection ဆေးဝါးများရောင်းချမှုရှိ/မရှိစစ်ဆေးခြင်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စျေးကွက်အတွင်း စားသုံးဆီအတုပြုလုပ်ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ၊ စားသုံးဆီအတုပြုရန် မြေပဲဆီနံ့၊ နှမ်းဆီနံ့ရရှိအောင် ရောစပ်သောဓာတုပစ္စည်းများရောင်းချမှုရှိ/မရှိတို့ကိုလည်း မြို့နယ်အလိုက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)