Main menu

တောင်တွင်းကြီးမြို့နယ်၊ ပေါက်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပေါက်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/ ကျောင်းသူများ စားသုံးသူရေးရာ အသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇-၁၁-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃း၃၀) နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

  ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဝင်လှိုင်က အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းက စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်း၊ စာဖတ်နည်းသုံးနည်းအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးက စားသုံးသူအခွင့်အရေးများဆိုင်ရာနှင့် ကုန်အညွှန်းအမှတ်အသားများအကြောင်းကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ခင်မျိုးဆွေက လူငယ်များနှင့်ပတ်သက်၍ အားကစားနှင့်စိတ်ဓာတ်အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေယံမြင့်က တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေးရှင်းလင်းပြောကြားခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)