Main menu

သရက်မြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စေရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုတို့ဖြင့် ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်နှင့်ဝန်ထမ်းများသည် (၈-၁၁-၂၀၂၃)ရက်နေ့ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် သရက်မြို့နယ်၊ ရွှေဘုံသာရပ်ကွက်ရှိ “ကြယ်ဖြူ”အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်နှင့်တွေ့ဆုံကာ ကုန်အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများမှာ စားသုံးသူ ကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိစေရေးနှင့် လိုအပ်သည့်အချက်များကို ထည့်သွင်းဖော်ပြနိုင်စေရန် သွားရောက်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

 ထိုသို့သွားရောက်တွေ့ဆုံဆွေးနွေးရာတွင် သရက်မြို့နယ်တာဝန်ခံ ဦးအုန်းမြင့်က “ကြယ်ဖြူ” သောက်ရေသန့်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ လိုက်နာရမည့်အချက်များအကြောင်း၊ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြနိုင်ရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အမိန့်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ထုတ်ပြန်ထားရှိခြင်း အကြောင်း၊ ကုန်စည်များတွင် မြန်မာဘာသာ (သို့မဟုတ်) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်များကို အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ပါသည်။

  ထို့နောက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မဖြစ်မနေသိသာထင်ရှားစွာဖော်ပြရမည့် သတ်မှတ်ချက်များတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးသည့်ရက်စွဲတို့ဖော်ပြပါရှိရမည်ဖြစ်ပါကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းသည် စားသုံးသူများသုံးစွဲရာတွင် ယုံကြည် စိတ်ချမှုရရှိစေမည့်အချက်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)