Main menu

ဘီးလင်းမြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၀-၁၁-၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ အားကစားခန်းမ၌ မြို့နယ်အဆင့် ရပ်ကွက်၊ ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်/ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ Consumer Call Center No. (1535) သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းဟောပြောဆွေးနွေးပြီးနောက် တက်ရောက်လာသူများက သိရှိမေးမြန်းလိုသည်များကိုမေးမြန်းကြရာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

      အဆိုပါ ဟောပြောဆွေနွေးပွဲသို့ မြို့နယ်အားကစားမှူး၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အားကစားသမားများ၊ စုစုပေါင်း (၅၂) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)