Main menu

စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ပန်းတနော်ဆန်စပါးလုပ်ငန်းရှင်များနှင့်ဆွေးနွေး

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပန်းတနော်မြို့နယ်သို့သွားရောက်၍ (၉-၁၁-၂၀၂၃)ရက်နေ့တွင် ပန်းတနော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ပန်းတနော်ဆန်စပါးလုပ်ငန်းရှင်များနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခဲ့ကြသည်။

      အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူရေးရာဦးစီးဌာနတွင် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုများကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၉)တွင်ပါဝင်သော စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအနက် စားသုံးသူအခွင့်အရေး(၈)ချက်ကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၂)၊ ပုဒ်မ (၂၄) တွင်ပါဝင်သည့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများနှင့် ပုဒ်မ (၂၃)အရ စီးပွားရေးလုပ်ငန်းရှင်က စားသုံးသူအပေါ် အာမခံချက်ပေးထားသည့်ကာလ (သို့) အသုံးပြုနိုင်သည့်ကာလအတွင်း အသုံးပြုနိုင်ရန် အရည်အသွေးမီသောကုန်စည်များ ထုတ်လုပ်ခြင်းမပြုလျှင်ဖြစ်စေ၊ သတင်းအချက်အလက်ပြည့်စုံစွာဖော်ပြခြင်းမရှိလျှင်ဖြစ်စေ၊ စားသုံးသူကတောင်းဆိုနိုင်ခွင့်ရှိသည့် အချက်အလက်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း၊  စားသုံးသူပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center- CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ ထို့ပြင် “DOCA Myanmar” Mobile Application မှဖြစ်စေ၊  website မှဖြစ်စေ တိုင်ကြားနိုင်ပြီး တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေကို ဝင်ရောက်လေ့လာနိုင်ကြောင်းကိုလည်းကောင်း၊ ဖုန်းနံပါတ်မသိသူများအတွက် အလွယ်တကူမှတ်နိုင်၊ ခေါ်ဆိုနိုင်သည့် Consumer Call Center No. (1535) သို့ဆက်သွယ်၍ တိုင်ကြားမေးမြန်းနိုင်ကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)a