Main menu

ပြည်ဖရဲသီးဈေးကွက်

Powered by Drupal

     ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဖရဲသီးများ စတင်ရောင်းချနေပြီဖြစ်ပါသည်။ ဖရဲသီးကို  ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စုတွင် အများဆုံးစိုက်ပျိုးကြောင်းသိရှိရပါသည်။ ဖရဲသီးကို ပြည်- ရန်ကုန် ကားလမ်းဘေး၊ ပြည်မြို့နယ်အတွင်းရှိ ကားလမ်းဘေးနှင့်ဈေးများတွင် ရောင်းချလျက်ရှိပါသည်။ ပြည်ဈေးကွက်တွင် ရောင်းချသောဖရဲသီးများမှာ အနီသီး၊ အဝါသီးဟူ၍ (၂)မျိုးရှိပြီး အနီသီးကို အများဆုံးရောင်းချကြောင်းသိရပါသည်။ ဖရဲသီးကို အလုံးအကြီး/ အသေးလိုက်၍ ရောင်းချသည့်အပြင် အစိတ်များစိတ်၍လည်းရောင်းချကြောင်းသိရပါသည်။ ပြည်ဈေးကွက်တွင် ရောင်းချသောဖရဲသီးဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင်  အလုံးကြီးတစ်လုံးလျှင် ၂၅၀၀ကျပ်၊ အလုံးသေးတစ်လုံးလျှင် ၁၅၀၀ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်းသိရပါသည်။ ဖရဲသီးမှာ လူကြိုက်များပြီး စားသုံးမှုများသောကြောင့် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)