Main menu

ပြည်မြို့၏သစ်တော်သီးဈေးကွက်

Powered by Drupal

      သစ်တော်သီးသည် မိုးရာသီသစ်သီးဝလံတစ်မျိုးဖြစ်ပြီး ၎င်းကို မြန်မာနိုင်ငံရာသီဥတု၏ မိုးလယ်ကာလမှစ၍ ဆောင်းဦးရာသီအထိတွေ့ရပါသည်။

    သစ်တော်သီးကို အရောင်အသွေးနှင့်ပုံသဏ္ဌာန်တို့ပေါ်မူတည်ပြီး ယေဘုယျအားဖြင့် အာရှသစ်တော်သီးနှင့် ဥရောပသစ်တော်သီးဟူ၍ ခွဲခြားထားသည်။ အာရှသစ်တော်သီးများသည် အရွယ်အစားမကြီးမားဘဲ လုံးဝန်းကာ အပေါ်ယံအခွံတွင် အစက်အပြောက်များပါရှိပါသည်။ ဥရောပသစ်တော်သီးများမှာမူ မှည့်လာသည်နှင့်အမျှ တဖြည်းဖြည်းပျော့ပျောင်းလာပြီး အရည်ရွှမ်းကြသည်။

     မြန်မာနိုင်ငံတွင် သစ်တော်သီးကို သားရေစာအချိုပွဲအနေဖြင့် စားသုံးလေ့ရှိပါသည်။ အခြားနိုင်ငံများတွင် အချိုပွဲအနေဖြင့်စားသုံးရုံသာမက စည်သွပ်ဘူးများပြုလုပ်ခြင်း၊ ဖျော်ရည်နှင့် သစ်သီးခြောက်များပြုလုပ်ခြင်းဖြင့် ပုံစံမျိုးစုံထုတ်လုပ်ရောင်းချနေကြပါသည်။ သစ်တော်သီးသည် မိုးလယ်မှစ၍ ဆောင်းဦးရာသီစာသစ်သီးဖြစ်သည့်အလျောက် မိုးအေးအေးနှင့် ဆောင်းရာသီတို့းတွင်ဖြစ်တတ်သည့် ချွဲထခြင်း၊ အအေးမိခြင်းတို့အတွက် ချိုချိုချဉ်ချဉ်အရသာရှိသည့် သစ်တော်သီးကိုစားသုံးခြင်းဖြင့် ဘေးဥပဒ်လုံးဝမရှိနိုင်ကြောင်းသိရှိရပါသည်။ ပြည်ဒေသရှိ ဈေးကွက်များတွင် ရောင်းချနေသောသစ်တော်သီးဈေးနှုန်းများအနေဖြင့် အလတ်စားတစ်လုံးလျှင် (၂၅၀၀-၃၀၀၀) ကျပ်၊ အကြီးတစ်လုံးလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်အထိဈေးနှုန်းတို့ဖြင့်  ရောင်းချနေကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)