Main menu

ပြည်တွင်းဖရဲဈေးကွက်တွက်ခြေကိုက်နေ

Powered by Drupal

                ညောင်လေးပင်မြို့နယ်၊ ဘိုင်းဒါးဒေသတွင် နှစ်စဉ်ဖရဲဧက(၁၀၀၀)ကျော်စိုက်ပျိုးခဲ့သော် လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့မှုအခြေအနေများကြောင့် တရုတ်ဈေးကွက် မျှော်မှန်းရန် ခက်ခဲသည့် အခြေအနေများနှင့် စိုက်ပျိုးရေးသွင်းအားစု ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်လာမှုအခြေအနေများကြောင့် ယခင်နှစ်ထက် သုံးပုံတစ်ပုံသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း ဘိုင်းဒါးဒေသ ဖရဲစိုက်တောင်သူထံမှ သိရသည်။

                ယခင်နှစ်များတွင် တရုတ်ပြည်ဈေးကွက်သို့တင်ပို့ရန် ဖရဲ 855 တစ်မျိုးထဲကို အဓိက ထားစိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် တရုတ်ဈေးကွက် မျှော်မှန်းရန်ခက်ခဲသည့်အခြေအနေများကြောင့် ပြည်တွင်းစားသုံးမှု၊ ဈေးကွက်အခြေအနေများ ကောင်းမွန်သည့် ဂျပန်ဖရဲ(ခေါ်) 211၊ ဒေသခေါ် ဒုံးကြည်ဖရဲများနှင့်  855 ဖရဲများ ပူးတွဲ စိုက်ပျိုးလာကြောင်း သိရှိရသည်။

                ယခင်တရုတ်ဈေးကွက်တင်ပို့ရန်အတွက် စိုက်ပျိုးသည့် ဖရဲ 855 စိုက်ပျိုးရာတွင်  တစ်ဧကကုန်ကျစရိတ် ကျပ် (၁၅)သိန်းမှ သိန်း(၂၀)အထိ ကုန်ကျကြောင်းသိရသည်။ ယခုနှစ်ပြည်တွင်း ဈေးကွက်အတွက် ဖရဲစိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ် ကျပ် (၁၀)သိန်းမှ (၁၂)သိန်းအထိသာ ကုန်ကျသည့်အတွက် တစ်ဧကကုန်ကျစရိတ်မှာ (၅)သိန်းမှ (၈)သိန်းအထိ သက်သာကြောင်း၊ ယခုကဲသို့ကုန်ကျစရိတ်သက်သာရခြင်းမှာ ပြည်တွင်းဈေးကွက်တင်ပို့ရာတွင် စိုက်ပျိုးရေးသွင်းအားစု ဓာတ်မြေဩဇာ လျော့ချသုံးစွဲခြင်းကြောင့်ဖြစ်ကြောင်း ဘိုင်းဒါးဒေသ ဖရဲစိုက် တောင်သူထံမှ သိရှိခဲ့ရပါသည်။

                စိုက်ပျိုးရေးသွင်းအားစု ဓာတ်မြေဩဇာများလျော့ချသုံးစွဲသော်လည်း အသီးထွက်နှုန်းမှာ ယခင်နှစ်ကဲ့သို့တစ်ဧကလျှင်အလုံးရေ(၁၀၀၀-၁၂၀၀၀)အထိ ထွက်ရှိပြီးအထွက်နှုန်းကျဆင်းသွားခြင်း မရှိကြောင်း၊ အသီးဖွံ့ဖြိုးမှုမှာ ယခင် (၈)ပိဿာအထက်ရရှိသော်လည်း ယခု(၆-၈)ပိဿာဝန်းကျင်သာ ရရှိကြောင်းသိရသည်။

                ဘိုင်းဒါးဒေသထွက်ဖရဲမှာ ပြည်တွင်းဈေးကွက်ကောင်းမွန်ပြီး ဖရဲသီးကုန်သည်များမှ ကွင်းအတွင်းလာရောက်ဝယ်ယူကြောင်း၊ အသီးအရွယ်အစားအပေါ်မှုတည်၍ ကျပ်(၁၅၀၀-၂၀၀၀) အထိရရှိကြောင်း၊ ဘိုင်းဒါးဒေသထွက်ဖရဲများအား ရန်ကုန်၊ ရေး၊ ထားဝယ်၊ မော်လမြိုင်မြို့များအထိ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး