Main menu

ဒေးဒရဲမြို့နယ်၊ ဘုရားကလေးကွင်းကျေးရွာ (အ.လ.က) ခွဲကျောင်းတွင် အသိပညာပေးဟောပြော

Powered by Drupal

    ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘုရားကလေးကွင်းကျေးရွာ (အ.လ.က) ကျောင်းရှိ ကျောင်းသား/သူ (၁၂၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေဟောပြောခဲ့ပါသည်။

   အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက တားမြစ်ဆိုးဆေးများအကြောင်း၊တာရှည်ခံဆိုးဆေးများအသုံးပြုထားသော ကုန်စည်များကိုဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် ကျောင်းသား/သူများအား ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာစာပါဝင်ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော မုန့်များကိုဝယ်ယူသုံးစွဲကြရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှ တားမြစ်ထားသောကုန်စည်များဖြစ်သည့် အသားလုံး/အသားချောင်းများကို ဝယ်ယူစားသုံးခြင်းမပြုကြရန်၊ အစားအသောက်များကိုဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စိတ်ကျေနပ်မှုရရှိစေရေး အာမခံချက်ရှိသည့်အစားအစာများကိုသာ ဝယ်ယူသုံးစွဲကြရန်လိုအပ်ကြောင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာရှိလာပါက စားသုံးသူ ရေးရာဦးစီးဌာန၏ Consumer Call Center No. (1535) သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)