Main menu

အချိန်တိုအတွင်း အမြတ်ပေါ်၍ မှိုစိုက်ပျိုးမှုတိုးလာ

Powered by Drupal

            တောင်ငူမြို့နယ်တွင် တစ်နိုင်တစ်ပိုင်မှိုစိုက်ပျိုးလျက်ရှိရာတွင် ကောက်ရိုးမှိုနှင့် ငွေနှင်းမှို နှစ်မျိုးရှိသည့်အနက် အဓိကအားဖြင့် ငွေနှင်းမှိုကို စိုက်ပျိုးလျက်ရှိကြောင်းသိရှိရသည်။ ရာသီဉတုအပေါ်မူတည်၍ နွေရာသီတွင် တစ်လလျှင် တစ်ကြိမ် ၊ မိုးရာသီတွင် သုံးလလျှင် နှစ်ကြိမ် နှင့် ဆောင်းရာသီတွင် တစ်လလျှင် တစ်ကြိမ် စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ကြောင်း သိရှိ ရသည်။ တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုဖြစ်သည့်အတွက် မိမိစိုက်ပျိုးနိုင်မည့်မြေပေါ်မူတည်၍ ဘောင်စနစ်ဖြင့်  စိုက်ပျိုးကြသည်။ ၄ပေ၁ပေခွဲအကျယ် ဘောင်တစ်ဘောင်တွင် မှိုမျိုးစေ့ ငါးထုပ်၊ မှိုအားဆေး၊ ကဒ်ထူစက္ကူ ၊ နွားချေး၊ ဗေဒါ နှင့် အထွေထွေကုန်ကျစရိတ်  စုစုပေါင်း ၁၆၀၀ဝိ/ ကျပ်နှုန်း ကုန်ကျကြောင်းသိရသည်။ ဘောင်တစ်ဘောင်လျှင် မှိုပိဿာချိန် (၅ပိဿာ မှ ၇ပိဿာ)အထိ ထွက်ရှိ၍ လက်ရှိတစ်ပိသာလျှင် ၆၀၀ဝိ/ ကျပ်နှုန်းပေါက်စျေးရရှိပြီး ဘောင်တစ်ဘောင်စိုက်ပျိုးမှု အကျိုးအမြတ် အနေဖြင့် ၂၀၀၀ဝိ/ ကျပ်ခန့်ရရှိကြောင်းသိရှိရသည်။ မှိုစိုက်ပျိုးသည့်လုပ်ငန်းမှာ အခြား စိုက်ပျိုးရေး လုပ်ငန်းများကဲ့သို့ စိုက်ပျိုးမြေဧကများစွာမလိုအပ်သည့်အပြင် စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်ထိ ၁၂ရက် မှ ၁၄ရက် (နှစ်ပတ်ခန့်သာ) အချိန်ပေးရသောကြောင့် အချိန်တိုအတွင်း အရင်းပြန်ရသည့် အပြင် ရင်းနှီးငွေ အနည်းငယ်ဖြင့် အမြတ်အစွန်းများသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် တိုးချဲ့ စိုက်ပျိုးလျှက် ရှိကြောင်း သတင်းရရှိပါသည်။  

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်း)