Main menu

ဘိုကလေးမြို့နယ်ရှိ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ()ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လုပ်ငန်းရှင်(၁၇)ဦးအား မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံးဆီ(ဘူးဆီ)၊ ဟင်းသီးဟင်းရွက်ဆီများတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများနှင့် FDA ၏ထောက်ခံချက်ပါသော ဘူးဆီများအကြောင်း၊ စားအုန်းဆီများနှင့်ပက်သက်၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး၊  ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားမဝင်ကုန်စည်များကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုကြရန်လိုအပ်ကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)