Main menu

သမာဓိဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် (၂-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်ရှိ သမာဓိဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   အဆိုပါကွင်းဆင်းစစ်ဆေးမှူတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် မိုးစပါးစိုက်ပျိုးထုတ်လုပ်သော တောင်သူများအနေဖြင့် ရိတ်သိမ်းချွေလှေ့ပြီး ပြန်လည်ပေးသွင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လုပ်ငန်းရှင်ဖြစ်သည့် ဦးဇာနည်အောင်နှင့်တွေ့ဆုံဆွေးနွေး၍ စပါးများလာရောက်ပေးသွင်းရန်အတွက် အဝယ်စခန်းဖွင့်လှစ်ထားမှုနေရာများကို တောင်သူများအား ကြိုတင်အသိပေးထားရန်၊ နိုင်ငံစီးပွားရန်ပုံငွေမှရယူထားသည့် တောင်သူများအနေဖြင့် စပါးပေးသွင်းမှုအပေါ် လုပ်ငန်းရှင်က စပါးဈေးနှုန်းကို ပေါက်ဈေးဖြင့် ဝယ်ယူချင်တွယ်သည့်အခါ တောင်သူများနှင့်အဆင်ပြေညှိနှိုင်းပေါင်းစပ်၍ ဝယ်ယူခြင်းများဆောင်ရွက်ရန်၊ ဝယ်ယူပြီးသောစပါးများကို ကြိတ်ခွဲတင်ပို့ရာတွင်လည်း မြို့နယ်ဝယ်ယူကြိတ်ခွဲတင်ပို့သည့် အစုအဖွဲ့များသို့ ပုံမှန် စာရင်းဇယားများပေးပို့ရန် ဆွေးနွေးမှာကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေကိုလည်းရှင်းလင်းကာ ထုတ်ကုန်လုံခြံစိတ်ချရမှုရှိစေရေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)