Main menu

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် (၂-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာများစုပေါင်း၍ ကျောင်းသား/ကျောင်းသူ(၁၂၀)အား အသိပညာပေးဟောပြောခဲ့ပါသည်။းခဲ့ပါသည်။

     အဆိုပါဟောပြောပွဲအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ယခုသင်တန်းကျောင်းသို့ မကြာခဏအသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသူ/ကျောင်းသားများနားလည်သဘောပေါက်လောက်သည့် ဆွေးနွေးမှုများပြုလုပ်ပြီး ယခင်စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (၂၀၁၆) တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနအဖြစ် သီးခြားပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ကိုပြင်ဆင်ရေးဆွဲ၍ ပြည်ထောင်စုလွတ်တော်ဥပဒေ (အမှတ်-၉ ) ၂၀၁၉ ကို မတ်လ ၁၅ရက်နေ့တွင် အတည်ပြုဋ္ဌာန်းခဲ့ပုံအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၁၈)မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များကိုသိရှိနားလည်ရန် ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူများအနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်သောကုန်စည်များကို ရွေးချယ်ဝယ်ယူတတ်စေရန်ရှင်းလင်းခဲ့ပြီး စားသုံးသူ၏အခွင့်အရေး (၈) ချက်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုရယူသုံးစွဲရာတွင်   စားသုံးသူအခွင့်အရေးအမှန်တကယ်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သောနည်းလမ်းများ၊ Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း၊ စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကာ ကျောင်းသား/ ကျောင်းသူများက သိလိုသည်များကို စိတ်ဝင်တစားမေးမြန်းခဲ့ကြပါသည်။ ၎င်းအခမ်းအနားသို့ (၁၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)