Main menu

မအူပင်ဆန်စက်အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်မျာအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ ဆန်စက်အသင်းရုံးတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ခရိုင်ရုံးဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများကို စီးပွားရေးလုပ်ငန်းရှင်များသိရှိစေရန်အလို့ငှာ မအူပင်ဆန်စက်လုပ်ငန်းရှင်များအား ဖိတ်ကြား၍ ဟောပြောဆွေးနွေးခဲ့သည်။

   အဆိုပါဆွေးနွေးခြင်းတွင်  မအူပင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များ၏ ဆန်စက်ကိစ္စများနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများတင်ပြလာမှုအပေါ် ဆွေးနွေးအကြံပြုခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဆွေးနွေးရာ “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆန်စက်လုပ်ငန်းရှင်များသိရှိနားလည်ရန် ထပ်ဆင့်ရှင်းလင်းခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လေးစားလိုက်နာကြရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် မိမိတို့ဌာန၏ အတည်ပြုချက်ရယူနိုင်ကြောင်းကိုပါ ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ ဆန်စက်လုပ်ငန်းရှင် (၁၃)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)