Main menu

ပြည်ချင်းပွဲရုံသို့ ချင်းနုသစ်များဝင်ရောက်လာ၍ အရောင်းအဝယ်ပုံမှန်ဖြစ်နေ

Powered by Drupal

     ပြည်ချင်းပွဲရုံများသို့ ဝင်ရောက်လာသော ချင်းတက်အသစ်များမှာ အစိုဓာတ်များသည့် သက်နုချင်းတက်များဖြစ်ကာ ဈေးမှာ ပုံမှန်ဖြစ်နေပါသည်။ ချင်းတက်အသစ်ဈေးနှုန်းနှင့် အဟောင်းဈေးနှုန်းတို့မှာ ထက်ဝက်နီးပါး ဈေးကွာခြားနေပါသည်။ ချင်းတက်အသစ်များကိုမူ ဓားလှီးသမားတို့ အစွဲများသောကြောင့် ဈေးကွက်တွင် အရောင်းအဝယ်ပုံမှန်ပြန်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ချင်းဈေးနှုန်းများမှာ ပွဲရုံဈေး ချင်းတက်(အသစ်) တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ လက်ကျန်ချင်းတက်(အဟောင်း)တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချကြောင်းသိရပါသည်။ ဒေသတွင်းဈေးများတွင် ရောင်းချသောချင်းဈေးနှုန်းများမှာ လက်လီဈေး (အသစ်)တစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ ချင်းဟောင်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိပြီး ဓားလှီးချင်းဖက်တစ်ပိဿာလျှင် ၄၅၀၀ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)